ဇိဝိတဒါန သံဃာ့ဆေးရုံကြီး၏ ရည်ရွယ်ချက်
လူမျိုးမရွေး ဘာသာမရွေး ဆင်းရဲချမ်းသာမရွေး လာလာသမျှ မကျန်းမာသူ ဂိလာန ပုဂ္ဂိုလ်များအား အခမဲ့ စမ်းသပ် ဆေးဝါးများ ကုသပေးနိုင်ရန် ရည်ရွယ်၍ တည်ထောင်ခဲ့ကြခြင်း ဖြစ်ပါသည်။
ဆေးရုံကြီးတွင်း လှုပ်ရှားမှုများ
ဒေါပုံမြို့နယ် ဒါနသမ္ပတ္တိလူငယ်လုပ်အားပေးအဖွဲ့ဝင်များ ဆေးရုံကြီးဝင်းအတွင်း၊ အပြင်သန့်ရှင်းရေး လုပ်အားဒါနပြုကြခြင်း။
ဒေါပုံမြို့နယ်ဒါနသမ္ပတ္တိလူငယ်
လုပ်အားပေးအဖွဲ့ဝင်
ကျား (၈)ဦး၊ မ(၆)ဦးတို့သည်
၂၄-၅-၂၀၁၅ - တနင်္ဂနွေနေ့နံနက်
(၉)နာရီမှ (၁၁-၃၀)
နာရီထိ၊ ဇီဝိတဒါန
သံဃာ့ဆေးရုံကြီး၊
သံဃာပြင်ပလူနာဌာန၊
သံဃာအတွင်း
လူနာဌာနတို့၏
ရေအိမ်၊
ရေချိုးခန်း၊
လူနာခန်းများကို
သန့်ရှင်းရေးပြုလုပ်ခြင်း၊ သံဃာဆောင်ပြင်ပအမှိုက်များရှင်းလင်းခြင်း၊
ရေစီးရေလာမြောင်းများရှင်းခြင်း၊
အထူးကု
ဆေးရုံကြီး
အရေးပေါ်လှေခါးများရှင်းလင်းခြင်း
အလှူ မင်္ဂလာခန်းမ၀န်းကျင်
သန့်ရှင်းရေးများ
ပြုလုပ်၍
ကုသိုလ်ယူလုပ်အားပေးကြပါသည်။


ဇီဝိတဒါနသံဃာ့ဆေးရုံအသင်းနှစ်ပတ်လည်အစည်းအဝေး (၂ဝ၁၄)ကျင်းပခြင်း
ရန်ကုန်တိုင်း၊
ဗဟန်းမြို့နယ်၊ ကိုယ့်မင်း
ကိုယ့်ချင်းလမ်းအမှတ်(၃၈)ရှိ၊ဇီဝိတဒါန
သံဃာ့ဆေးရုံအသင်းနှစ်ပတ်လည်
အစည်းအဝေး(၂ဝ၁၄)
ကို ၂၁.၃.၂ဝ၁၅ရက်
နေ့
အဆိုပါ
ဆေးရုံမင်္ဂလာခန်းမ၌
ကျင်းပပြုလုပ်ပါသည်။
အစည်းအဝေးသို့
ဆေးရုံအသင်း
သားများနှင့်
ဖိတ်ကြားထားသော
ဧည့်သည်တော်များ
တက်ရောက်
ကြပြီး၊ သဘာပတိအဖြစ်ဆေးရုံအုပ်ချုပ်ရေးအဖွဲ့
ဥက္ကဌဦးမောင်မောင်နှင့်
အခမ်းအနားမှုးများအဖြစ်၊
တွဲဖက်အတွင်းရေးမှုး
(၁)ဦးအေးမောင်သန်းနှင့်
အလုပ်အမှုဆောင်
အဖွဲ့ဝင်
ဦးသိန်းဟန်တို့က
ဆောင်ရွက်ကြသည်။
ရှေးဦးစွာ
သဘာပတိကအမှာစကားပြောကြားပြီး၊
ဆေးရုံအုပ်ချုပ်ရေးအဖွဲ့၏
နှစ်ပတ်လည်
အစီရင်ခံစာကို
အတွင်းရေးမှုးဦးသိန်းအောင်ကလည်းကောင်း၊
ငွေစာရင်းရှင်းတမ်းကို
ဘဏ္ဍာရေးမှုး
ဦးခင်ငြိမ်းကလည်းကောင်း
ဖတ်ကြားရှင်းလင်းကြပြီး
အစည်းအဝေး၏
အတည်ပြုချက်ရယူသည်။
ထို့နောက်
တွဲဖက်အတွင်းရေးမှုး(၁)
ဦးအေးမောင်သန်းက
ဆေးရုံစည်းမျဉ်း
ပြင်ဆင်ခြင်းကို
တင်သွင်း၍
အတည်ပြုချက်
ရယူသည်။
ထို့နောက်
၂ဝ၁၅ခုနှစ်အတွက်
ပြင်ပ
စာရင်းစစ်ခန့်
ထားခြင်းကို
ကြေငြာပြီး
အစည်းအဝေးကို
ရုပ်သိမ်းခဲ့သည်။
နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ ဆရာတော်ကြီးများ ထံမှ သြဝါဒခံယူပွဲအခမ်းအနားကျင်းပခြင်း
နိုင်ငံတော်သမ္မတ၏
အထူးဂုဏ်ထူး
ဆောင်ဆုရ
ဇီဝိတဒါန
သံဃာ့
ဆေးရုံကြီး
(ရန်ကုန်) တည်ထောင်ခြင်း
(၇၅) နှစ်မြောက် စိန်ရတု အထိမ်း
အမှတ်အဖြစ်၊
နိုင်ငံတော်
သံဃာ့
မဟာနာယကအဖွဲ့
ဆရာတော်ကြီး
များထံမှ
သြဝါဒခံယူပွဲ
အခမ်းအနားကို
၉.၅.၂၀၁၅ ရက်
(စနေနေ့) နံနက် (၉း၃၀)
နာရီက အဆိုပါ ဆေးရုံကြီး
ဝေဇယန္တာခန်းမ
ဆောင်ကြီးတွင် ကျင်းပခဲ့ရာ
ပင့်လျှောက်
ထားသော
ဆရာတော်ကြီး (၁၀) ပါးနှင့်အတူ၊ ဆေးရုံအုပ်ချုပ်ရေးအဖွဲ့
ဥက္ကဋ္ဌဦးမောင်မောင်နှင့်
အဖွဲ့ဝင်များ
သီလရှင် ဆေးကုသဆောင်
ထိမ်းသိန်းစောင့်ရှောက်ရေးအဖွဲ့
ဥက္ကဋ္ဌနှင့်
အဖွဲ့ဝင်
များနှင့်
ဖိတ်ကြားထားသော
ဧည့်သည်များတက်ရောက်ကြသည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိကောဇယ (မိတ္ထီလာဆရာတော်ကြီး) ထံမှ ငါးပါသီလခံယူဆောက်တည်ကြပြီး ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်က သြဝါဒခံယူပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ တင်ပြလျှောက်ထားရာ မိတ္ထီလာဆရာတော်ကြီးကသြဝါဒကထာမြွက်ကြားသည်။
ထို့နောက်
ဆရာတော်ကြီးများအား
သင်္ကန်းနှင့်
လှူ ဖွယ်ပစ္စည်းများဆက်ကပ်
လှူ ဒါန်းကြပြီး
နိုင်ငံတော်သံဃာ့မဟာ
နာယကအဖွဲ့
ဒုတိယဥက္ကဋ္ဌဆရာတော်၊ အဂ္ဂမဟာဇောတိကဓဇ
ဘဒ္ဒန္တကုသလ (ထန်းတပင်ဆရာတော်ကြီး) က ရေစက်ချ
တရားဟောကြားပေးသည်။
ထို့နောက်အခမ်းအနားကို
ဗုဒ္ဓသာသနံ
စိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို
ဆုတောင်း၍
ရုပ်သိမ်းခဲ့ပါသည်။
ဇီဝိတဒါနသံဃာ့ဆေးရုံကြီး (ရန်ကုန်) အလင်းရောင် ပရဟိတလူငယ်လုပ်အားပေးအဖွဲ့မှ သန့်ရှင်းရေး လုပ်အားဒါန ပေးလှူ ခြင်း
၁၀.၅.၂၀၁၅
ရက် (တနင်္ဂနွေနေ့) နံနက်
(၉)နာရီတွင်
အလင်းရောင်ပရဟိတ
လူငယ်
လုပ်အားပေးအဖွဲ့မှ
လူငယ်
အမျိုးသား/အမျိုးသမီး
(၄၀)ဦးတို့က
ဇီဝိတဒါနဆေးရုံကြီး
(ရန်ကုန်) တွင်
သန့်ရှင်းရေးလုပ်အား
ဒါနပေးလှူ
ကြရာဆေးရုံအုပ်ချုပ်ရေး
အဖွဲ့အတွင်း
ရေးမှူး
ဦးအေးမောင်သန်း၊
တွဲဖက်
အတွင်းရေးမှူး(၃)
ဦးတင်သောင်းနှင့်
ဂုဏ်ထူးဆောင်
ဆေးရုံအုပ်ကြီးဒေါက်တာဦးလှမြင့် (၉) တို့က
ကြိုဆိုနှုတ်ဆက်စကား
ပြောကြားပြီး
လုပ်ငန်းဆောင်ရွက်ရမည့်နေရာများသက်မှတ်ခွဲဝေပေးကြပါသည်။
ထို့နောက် လုပ်အားပေးလူငယ်များက
သက်မှတ်နေရာများတွင်
ပျော်ရွှင်စွာ
လုပ်အားဒါန
ပေးလှူကြသည်။
လုပ်အားပေးအခမ်းအနားအပြီးတွင်
ဆေးရုံအုပ်ချုပ်ရေးအဖွဲ့က
လုပ်အားပေး
လူငယ်များအား
ဂုဏ်ပြုလွှာပေးအပ်ပြီး
မုန့်ဟင်းခါးဖြင့်
တည်ခင်းဧည့်ခံခဲ့ပါသည်။
ဇီဝိတဒါနသံဃာ့ဆေးရုံကြီး (ရန်ကုန်) ဝါတွင်းစုပေါင်း သွေးလှူဒါန်းပွဲ ကျင်းပ ရန်ကုန် အောက်တိုဘာ ၎
ဇီဝိတဒါန
သံဃာ့ဆေးရုံကြီး
(ရန်ကုန်)၏
(၁၃)ကြိမ်မြောက်ဝါတွင်းစုပေါင်း
သွေးလှူဒါန်းပွဲကို ယနေ့နံနက်
(၈)
နာရီက
အဆိုပါ
ဆေးရုံကြီး
ရာဇဂြိုလ်
ဆောင်
အလှူတော်မင်္ဂလာခန်းမ၌
ကျင်းပပြုလုပ်ရာ
ဆေးရုံအုပ်ချုပ်ရေး
အဖွဲ့နာယကကြီးများ၊
အုပ်ချုပ်ရေး
အဖွဲ့ဝင်များ၊သီလရှင်ဆေးရုံ
ထိန်းသိမ်း
စောင့်ရှောက်ရေးလုပ်ငန်း
ကော်မတီဝင်
များ၊
ဝန်ထမ်းများနှင့်
သွေးလှူဒါန်းမည့်
သံဃာတော်၊
သီလရှင်နှင့်
လူပုဂ္ဂိုလ်များတတ်ရောက်ကြပါသည်။
ရှေးဦးစွာအခမ်းအနားမှူး
ဦးတင်မောင်ဝင်းက
အခမ်းအနား
ဖွင့်လှစ်ကြောင်း
ကြေငြာပြီး၊
အုပ်ချုပ်ရေးအဖွဲ့
ဒုတိယဥက္ကဋ္ဌ
(၁) ဒေါက်တာဦးလှမြင့်က သွေးလှူဒါန်းပွဲ
ကျင်းပရခြင်း
အကြောင်းနှင့်
သွေးလှူရှင်များအား
ကြိုဆိုနှုတ်ခွန်းဆက်စကား
ပြောကြားသည်။
ထို့နာက်သွေးလှူရှင်များကိုယ်စား
ဦးသောင်းစိန်က
သွေးလှူဒါန်းရခြင်းအတွက်
ဂုဏ်ယူဝမ်းမြောက်
စကားပြောကြားသည်။
ယင်းနောက်အခမ်းအနားမှူး
ဦးတင်မောင်ဝင်းက
သွေးလှူဒါန်းရမည့်
အစီအစဉ်ကို
ရှင်းလင်း
ပြောကြားပြီး
သွေးလှူရှင်များက
သွေးများလှူဒါန်းရာ
အမျိုးသားသွေးဌာနမှ
တာဝန်ခံဆရာကြီး
ဒေါက်တာဒေါ်သီတာအောင်နှင့်အဖွဲ့က
စနစ်တကျ
လက်ခံယူကြသည်။
ယနေ့သွေးလှူဒါန်းပွဲတွင်
သံဃာ၊
သီလရှင်နှင့်
လူပုဂ္ဂိုလ်များ
စုစုပေါင်း(၂၃၃)
ဦးတို့
သွေးလှူဒါန်း
ခဲ့ကြပြီး၊
အမျိုးသားသွေးဌာနမှ
အားဆေးများ၊
အလှူရှင်များမှ
အာဟာရထုပ်များ၊
အိုဗာတင်ဘူးများ၊
မုန့်ထုပ်များ လှူဒါန်းခဲ့ကြသည်။
ဇီဝိတဒါနသံဃာ့ဆေးရုံကြီး
(ရန်ကုန်) (၁၃)
ကြိမ်မြောက်ဝါတွင်းစုပေါင်း
သွေးလှူဒါန်းပွဲ
ကျင်းပမည့်ရက် . . . ၁၃၇၆ခုနှစ်၊ သီတင်းကျွတ်လဆန်း(၁၁)ရက်
၂ဝ၁၄ခုနှစ်၊အောက်တိုဘာလ(၄)ရက်၊ (စနေနေ့)
ကျင်းပမည့်အချိန်. . . နံနက်(၈)နာရီမှနေ့လယ်(၁)နာရီထိ
ကျင်းပမည့်နေရာ . . . အလှူတော်မင်္ဂလာခန်းမ
ပါဝင်လှူဒါန်းလိုသူများသည်
အောက်ပါဌာနများသို့လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ
၃ဝ.၉.၂ဝ၁၄ရက်(၄)နာရီ
နောက်ဆုံးထား၍
ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။
(၁) ဆေးရုံအုပ်ကြီးရုံး ၅၅၈၄၃၄
(၂) ပြင်ပလူနာဌာန(သံဃာ) ၇၃ဝဝ၆၄၄၆
(၃) ပြင်ပလူနာဌာန(သီလရှင်) ၅၄၂၇ဝ၆
(၄) ပြင်ပလူနာဌာန(လူပုဂ္ဂိုလ်) ၅၅၂၅၄၂
(၅) လူမှုဆက်ဆံရေးဌာနစု ၅၄၁၇၉၅, ၅၅၈၄၃၇
ဇီဝိတဒါနသံဃာ့ဆေးရုံကြီး(ရန်ကုန်)
တွင် ထိုင်းနိုင်ငံမှ
နားရောဂါကု
ဆရာဝန်ကြီးများကုသပေးခြင်း
ထိုင်းနိုင်ငံမှ
နားရောဂါအထူးကုဆရာဝန်
ကြီး
Dr. Soontorn Antarsena
ခေါင်းဆောင်၍
အဖွဲ့ဝင် (၂၁) ဦး
ပါဝင်သော
Ear Surgery Mobile Unit (ESMU) အဖွဲ့သည်
၂၁.၈.၂၀၁၄ ရက်မှ
၂၃.၈.၂၀၁၄ ရက်အထိ
ဇီဝိတ ဒါနသံဃာ့
ဆေးရုံကြီး
(ရန်ကုန်တွင်
နားရောဂါများကို
စမ်းသပ်စစ်ဆေး
ခွဲစိတ်ကုသပေးပြီး
ဆေးဝါးများကိုပါ
လှူဒါန်းပေးခဲ့သည်။
အဆိုပါ
(၃) အတွင်း နားရောဂါဝေဒနာရှင်
(၉၈၀)ဦးလာရောက်ကုသမှုခံယူကြရာ
ထိုလူနာများတွင်
သံဃာတော်(၁၁၃)ပါး၊
သီလရှင်(၄၆)ပါး၊
ကျား/မ လူပဂ္ဂိုလ်(၈၂၁)ဦးပါဝင်ပြီး၊
နားကြားစွမ်းရည်
စမ်းသပ်ခြင်းတွင်
(၁၄၄)ဦး၊ ခွဲစိတ်ကုသမှုခံယူသူ
(၅၁) ဦးနှင့် နားကြားအထူးကိရိယာ
အလှူခံသူ (၂၇)ဦး
ရှိပါသည်။
ESMU အဖွဲ့နှင့်အတူ ဇီဝိတဒါနသံဃာ့ဆေးရုံကြီး(ရန်ကုန်)မှ ဂုဏ်ထူးဆောင်ဆေးရုံအုပ်ကြီးနှင့် ဆရာဝန်များ၊ ဆေးဝန်ထမ်းများနှင့် အုပ်ချုပ်မှုဝန်ထမ်းများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ဇီဝိတသံဃာ့ဆေးရုံကြီးတွင် ကင်းထောက်လူငယ်များလုပ်အားပေးခြင်း
အစိုးရအထက်တန်းကျောင်း
အမှတ်(၄)
အလုံမြို့နယ်မှ
ကျောင်းအုပ်ဆရာမကြီး
ဒေါက်တာဒေါ်ခိုင်ခိုင်သန်း၊
ဆရာမ
များနှင့်
ကျောင်းသား/သူ
ကင်းထောက်
လူငယ်
(၁၀၀) ကျော်တို့သည်
၁၀-၈-၂၀၁၄
နံနက်
(၈) နာရီတွင် ဇီဝိတသံဃာ့ဆေးရုံကြီး
(ရန်ကုန်)
သို့ လာရောက်၍
ဆေးရုံဆောင်
များနှင့်
ကုဋီများကို သန့်ရှင်းရေးလုပ်အားပေး
ခြင်းကို
ဆောင်ရွက်ကြပြီး၊
ဆေးရုံအတွက်
အလှူငွေ
ကျပ်
-၃၂၅၀၀၀/ိ- ကိုလှူဒါန်းရာ
ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမောင်မောင်နှင့်
တာဝန်ရှိသူများက
ကြိုဆိုပြီးဧည့်ခံခဲ့ကြပါသည်။
နိုင်ငံတော်သမ္မတ၏
နိုင်ငံ့စွမ်းဆောင်ရည်ဆုများ
ချီးမြှင့်ရာတွင်
ဇီဝိတဒါန
သံဃာ့ဆေးရုံကြီး(
ရန်ကုန်)
သည် နိုင်ငံတော်သမ္မတ၏
အထူးဂုဏ်ထူးဆောင်ဆု
ချီးမြှင့်ခံရခြင်း
ဇီဝိတဒါန သံဃာ့ဆေးရုံကြီး (ရန်ကုန်) ၁၂ ကြိမ်မြောက် ဝါတွင်း စုပေါင်း သွေးလှူဒါန်းပွဲကျင်းပခြင်း
ဇီဝီတဒါနသံဃာ့ဆေးရုံကြီး
(ရန်ကုန်) ၏
၁၂ ကြိမ်မြောက်
ဝါတွင်းစုပေါင်း
သွေးလှူဒါန်း
ပွဲကို
ယနေ့ နံနက် (၈) နာရီက အဆိုပါ
ဆေးရုံကြီး ရာဇဂြိုလ်ဆောင်
အလှူတော်
မင်္ဂလာခန်းမ၌
ကျင်းပ ပြုလုပ်ရာ
ဆေးရုံ
အုပ်ချုပ်ရေးအဖွဲ့
နာယကကြီးများ၊
အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊
သီလရှင်ဆေးရုံ
ထိန်းသိမ်း
စောင့်ရှောက်ရေးလုပ်ငန်း
ကော်မတီဝင်များ၊
ဝန်ထမ်းများနှင့်
သွေး
လှူဒါန်းမည့်
သံဃာတော်၊
သီလရှင်နှင့်
လူပုဂ္ဂိုလ်တတ်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားမှူး
ဒေါက်တာဦးမောင်မောင်မြင့်က အခမ်းအနားဖွင့်လှစ်ကြောင်း
ကြေငြာပြီး၊
အုပ်ချုပ်ရေးမှူးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်
က သွေးလှူဒါန်းပွဲ ကျင်းပရခြင်းအကြောင်းနှင့်
သွေးလှူရှင်များအား
ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ဆက်လက်၍ အမျိုးသားသွေးဌာနမှ
တာဝန်ရှိသူက
လှူဒါန်းသောသွေးများ
အသုံးပြုပုံနှင့်
သွေးများ
လက်ခံရရှိခြင်းအတွက်
ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် သွေးလှူရှင်များ ကိုယ်စား
ဦးရဲမောင်မောင်
က သွေးလှူဒါန်းရခြင်းအတွက်
ဂုဏ်ယူ
ဝမ်းမြောက်စကားပြောကြားသည်
ယင်းနောက် အခမ်းအနားမှူးက သွေးလှူဒါန်းရမည့်
အစီအစဉ်ကိုရှင်းလင်းပြောကြားပြီး
သွေးလှူရှင်
များက
သွေးများလှူဒါန်းရာအမျိုးသားသွေးဌာနမှ
စနစ်တကျ လက်ခံယူကြသည်။
ယနေ့ သွေးလှူဒါန်းပွဲတွင်
သံဃာ(၃၄) ပါး၊ သီလရှင်
(၁၀) ပါးနှင့်
ဝန်ထမ်း (၁၇)
ဦး အပါအဝင်
လူပုဂ္ဂိုလ်
(၁၇၉) ဦးတို့
သွေးလှူဒါန်းခဲ့ကြပြီး၊ အမျိုးသားသွေးဌာနမှ
အာဟာရထုပ်နှင့်
အားဆေးများ၊
အလှူရှင်များမှ
အာဟာရထုပ်များ၊
အိုဗာတင်ဘူးများ၊
မုန့်ထုပ်များ လှူဒါန်းခဲ့ကြသည်။
ဇီဝိတဒါန သံဃာ့ဆေးရုံကြီး (ရန်ကုန်) စုပေါင်းသွေးလှူ ဒါန်းပွဲ ကျင်းပမည်
ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ ဇီဝိတဒါနသံဃာ့ဆေးရုံကြီး၏
(၁၂) ကြိမ်မြောက်
ဝါတွင်းစုပေါင်း
သွေးလှူဒါန်းပွဲကို
၁၄.၉.၂၀၁၃ ရက်
(စနေနေ့) နံနက် (၈) နာရီတွင် အဆိုပါ ဆေးရုံကြီး
အလှူတော်
မင်္ဂလာခန်းမ၌
ကျင်းပမည်ဖြစ်သည်.
သွေးလိုအပ်နေသည့် လူနာများအား
ဇီဝိတဒါန
အသက်ကယ်နိုင်ရန် ရည်မှန်း၍
သံဃာတော်များ
သီလရှင်များနှင့်
လူပုဂ္ဂိုလ်များက
စုပေါင်း
သွေးလှူဒါန်းကြမည်ဖြစ်ရာရန်ကုန်ဆေးရုံကြီး
အမျိုးသား
သွေးဌာနမှ
တာဝန်ခံ ဆရာဝန်ကြီးနှင့် အဖွဲ့ကလက်ခံယူကြမည်ဖြစ်သည်။
ပါဝင်လှူဒါန်းလိုသူများသည်
လူကိုယ်တိုင်
အဆိုပါ ဆေးရုံကြီးရှိ
သံဃာတော်များ
ပြင်ပလူနာဌာန၊
သီလရှင် ပြင်ပလူနာဌာန၊
လူပုဂ္ဂိုလ်များ
ပြင်ပလူနာဌာန
ဆေးရုံအုပ်ကြီးရုံးနှင့်
လူမှုဆက်ဆံရေးဌာနစု
တို့တွင် စာရင်းပေးသွင်းနိုင်သည်။
တယ်လီဖုန်းဖြင့်
ဆက်သွယ်စာရင်းပေးသွင်းလိုပါက
သံဃာတော်များပြင်ပလူနာဌာန ဖုန်း - ၀၉ ၇၃၀၀၆၄၄၆
သီလရှင်များပြင်ပလူနာဌာန ဖုန်း - ၀၁ ၅၄၂၇၀၆
လူပုဂ္ဂိုလ်များပြင်ပလူနာဌာန ဖုန်း - ၀၁ ၅၅၂၅၄၂
ဆေးရုံအုပ်ကြီးရုံး ဖုန်း- ၀၁ - ၅၅၈၄၃၄
လူမှုဆက်ဆံရေးဌာနစု ဖုန်း - ၀၁- ၅၄၀၇၉၅
တို့သို့ ၁၂.၉.၂၀၁၃ ရက် ညနေ (၄) နာရီနောက်ဆုံးထား၍ ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။
မျက်စိဝေဒနာရှင် (၅၀၀၀) ဦးအား ဇီဝိတဒါနသံဃာ့ဆေးရုံကြီး (ရန်ကုန်) တွင် ကုသိုလ်ဖြစ် အခမဲ့ခွဲစိတ်ကုသပေးမည်။
သြစတြေးလျနိုင်ငံ
Myanmar Eye Care Project မှ သံဃာ၊
သီလရှင်၊
လူပုဂ္ဂိုလ် (၅၀၀၀)
တို့အား၊ ဇီဝိတဒါန သံဃာ့
ဆေးရုံကြီးမှ မျက်စိခွဲစိတ်ကုသပေးရန် ထောက်ပံ့လှူဒါန်း
လိုကြောင်း
ကမ်းလှမ်းခဲ့ပါသည်။
အဆိုပါကမ်းလှမ်းချက်ကို၊
ဆေးရုံအုပ်ချုပ်ရေးအဖွဲ့မှ
လက်ခံ
ခဲ့ပြီး၊
စေတနာလုပ်အားပေး
မျက်စိ
အထူးကု
ဆရာဝန်ကြီး
(၂၃)
ဦးတို့နှင့်
ညှိနှိုင်းချက်အရ
သြဂုတ်လ နောက်ဆုံးအပတ်
မှစ၍
လူနာများကို ပြင်ပလူနာဌာနတွင် လက်ခံ စမ်းသပ်
ကြည့်ရှုခဲ့ပြီး၊
စက်တင်ဘာ(၃)ရက်နေ့မှ
စတင်ခွဲစိတ်ကုသ
ခဲ့ရာ၊
စက်တင်ဘာလ (၁၂)
ရက်နေ့အထိ သံဃာ၊
သီလရှင်၊ လူပုဂ္ဂိုလ်
(၁၂၂) ဦးတို့အား
ခွဲစိတ်ကူသပေးပြီးဖြစ်ပါသည်။
ခွဲစိတ်ကုသပေးရန်
ကျန်ရှိသည့် လူနာများကို
ပထမအဆင့်အနေဖြင့်
(၅၀၀) ဦး ခွဲစိတ်ကုသပေးမည်
ဖြစ်ပြီး အလှူရှင်၏ ဆန္ဒအရ
မျက်စိလူနာ (၅၀၀၀)
ဦးအထိ ဆက်လက်ကုသပေးမည်ဖြစ်ပါကြောင်း။
ဇီဝိတဒါနသံဃာ့ဆေးရုံကြီး (ရန်ကုန်)အုပ်ချုပ်ရေးအဖွဲ့မှ (၂၆) ကြိမ်မြောက် ၀ါဆိုသင်္ကန်းကပ်လှူပွဲကျင်းပခြင်း

ဇီဝိတဒါနသံဃာ့ဆေးရုံကြီး
(ရန်ကုန်)
အုပ်ချုပ်ရေးအဖွဲ့မှ
ကျင်းပသော
(၂၆) ကြိမ်မြောက်ဝါဆို
သင်္ကန်းကပ်လှူပွဲကို ၂၈.၇.၂၀၁၂
ရက် နံနက်
(၁၀း၃၀) နာရီတွင်
အဆိုပါ
ဆေးရုံကြီးအလှူတော်
မင်္ဂလာခန်းမ၌ကျင်းပရာ
ဆေးရုံအုပ်ချုပ်ရေးနာယကကြီးများ၊
ဥက္ကဋ္ဌဦးမောင်မောင်နှင့်အဖွဲ့ဝင်များ၊
ဆရာဝန်ကြီးများနှင့်
ဝန်ထမ်းများ
တတ်ရောက်၍
ပင့်သံဃာ
(၅) ပါးအား ၀ါဆိုသင်္ကန်းနှင့်
လှူဖွယ်
ပစ္စည်းများကပ်လှူကြပြီးဆရာတော်ကြီးများအား
နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ဇီဝတဒါနသံဃာ့ဆေးရုံကြီး
(ရန်ကုန်)
(၁၁)
ကြိမ်မြောက်
ဝါတွင်းစုပေါင်းသွေးလှူဒါန်းပွဲ
ကျင်းပ
ရန်ကုန် သြဂုတ် ၎

ဇီဝိတဒါနသံဃာ့ဆေးရုံကြီး
(ရန်ကုန်) ၏
(၁၁) ကြိမ်မြောက်ဝါတွင်း
စုပေါင်းသွေးလှူဒါန်းပွဲကို
သြဂုတ်လ (၄)
ရက်နေ့
နံနက် (၉)
နာရီကအဆိုပါ
ဆေးရုံကြီး
ရာဇဂြိုလ်ဆောင်
အလှူတော်
မင်္ဂလာခန်းမ၌
ကျင်းပရာ
ဆေးရုံအုပ်ချုပ်ရေးအဖွဲ့
ဥက္ကဋ္ဌ ဦးမောင်မောင်နှင့်
အဖွဲ့ဝင်များ
သွေးလှူ
ဒါန်းကြမည့်
သံဃာတော်များ၊
သီလရှင်များ၊
ဆေးရုံဝန်ထမ်းများ
အပါအ၀င်လူပုဂ္ဂိုလ်များတက်
ရောက်ကြသည်။
ရှေးဦးစွာ
ဆေးရုံအုပ်ချု
ပ်ရေးအဖွဲ့ဥက္ကဋ္ဌ
ဦးမောင်မောင်က
သွေးလှူဒါန်းပွဲ
ကျင်းပရခြင်းအကြောင်းနှင့်
သွေးလှူရှင်များအား
ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီးသွေးလှူရှင် (ဒေါ်သီတာလွင်)
က သွေးလှူဒါန်းရခြင်းအတွက်
ဂုဏ်ယူဝမ်းမြောက်ကြောင်းပြောကြားသည်။
ထို့နောက် အခမ်းအနားမှူး
ဦးတင်မောင်ဝင်းက
သွေးလှူဒါန်းရန်အစီအစဉ်များကို
ရှင်းလင်း
ပြောကြားပြီး
သွေးလှူရှင်များက
သွေးများလှူဒါန်းကြရာ
အမျိုးသားသွေးဌာနမှ
တာဝန်ခံဆရာဝန်ကြီး
တွဲဖက်ပါမောက္ခ
ဒေါက်တာဒေါ်သီတာအောင်နှင့်
အဖွဲ့ကစနစ်တကျလက်ခံယူကြသည်။
ယင်းဆေးရုံးကြီးအနေဖြင့်
ပထမအကြိမ်မှ
ဒဿမအကြိမ်အထိ
သွေးလှူဒါန်းပွဲများကျင်းပခဲ့ပြီး
သွေးအိတ်ပေါင်း (၁၇၆၀)
ကိုအမျိုးသားသွေးဌာနသို့ပေးအပ်နိုင်ခဲ့သည်။
ယနေ့သွေးလှူဒါန်းပွဲတွင်
သွေးလှူ
ရှင်သံဃာတော်(၃၁)
ပါး၊ သီလရှင်
(၂၇)ပါး၊ ၀န်ထမ်း
(၁၂)ဦး
အပါအ၀င်
လူပုဂ္ဂိုလ်
(၂၇၉) ဦးတို့က
သွေးလှူဒါန်းကြရာ
အမျိုးသားသွေးဌာနမှ
သွေးအိတ်စုစုပေါင်း
(၃၃၇) အိတ်
လက်ခံရယူခဲ့ပါသည်။
ဇီဝိတဒါနသံဃာ့ဆေးရုံကြီး (ရန်ကုန်)
(၁၁) ကြိမ်မြောက်
ဝါတွင်းစုပေါင်းသွေးလှူဒါန်းပွဲ
ကျင်းပမည့်ရက်………….၁၃၇၄
ခုနှစ်၊ ၀ါဆိုလပြည့်
ကျော် (၂)
ရက်၊
၂၀၁၂ခုနှစ်
သြဂုတ်လ(၄)
ရက်၊ စနေနေ့။
ကျင်းပမည့်အချိန်……….. နံနက် (၈) နာရီမှ နေ့လယ် (၁) နာရီထိ။
ကျင်းပမည့်နေရာ……….. အလှူတော်မင်္ဂလာခန်းမ။
ပါဝင်လှူဒါန်းလိုသူများသည် အောက်ပါဌာနများသို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ (၁.၈.၂၀၁၂) ရက် ညနေ (၄)နာရီ နောက်ဆုံးထား၍ ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။
(၁) ဆေးရုံအုပ်ကြီးရုံး ၀၁-၅၅၈၄၃၄
(၂) ပြင်ပလူနာဌာန (သံဃာ) ၀၉-၇၃၀၀၆၄၄၆
(၃) ပြင်ပလူနာဌာန (သီလရှင်) ၀၁-၅၄၂၇၀၆
(၄) ပြင်ပလူနာဌာန (လူပုဂ္ဂိုလ်) ၀၁-၅၅၂၅၄၂
(၅) အုပ်ချုပ်ရေးမှူးရုံး ၀၁-၅၄၁၇၉၅၊ ၅၅၈၄၃၇
ဗာရာဏသီ (၆) ထပ် သံဃာ့ဆေးကုသဆောင်သစ်ကြီးဖွင့်ပွဲကျင်းပခြင်း

ဇီဝိတဒါန သံဃာ့ဆေးရုံကြီး
(ရန်ကုန်)
တွင် ဆောက်လုပ်ပြီးစီးပြီးဖြစ်သော
ဗာရာဏသီသံဃာ
ဆေးကုသဆောင်သစ်ကြီး ဖွင့်ပွဲအခမ်းအနားကို
ယနေ့နံနက်
(၈)နာရီခွဲက အဆိုပါ
ဆေးကုသဆောင်
သစ်ကြီးရှေ့
မျက်နှာစာတွင်
ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ
ဖေသက်ခင်၊
ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့ဝန်ကြီး
ဦးမြင့်ဆွေနှင့် ၀န်ကြီးများ၊
ဆေးရုံအုပ်ချုပ်ရေး
အဖွဲ့ဝင်များနှင့်
ဖိတ်ကြားထားသော
ဆရာဝန်ကြီးများနှင့်
ဧည့်သည်တော်များ
တက်ရောက်ကြသည်။
ရှေးဦးစွာ
ဆေးရုံအုပ်ချုပ်ရေအဖွဲ့
ဥက္ကဋ္ဌ
ဦးမောင်မောင်က
ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး
ဆေးကုသဆောင်သစ်ကြီးကို
ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့
လူမှုရေးဝန်ကြီးဒေါက်တာမြင့်သိန်း၊
ဆေးရုံအုပ်ချုပ်ရေးအဖွဲ့
ဂုဏ်ထူးဆောင်နာယက
ဗိုလ်မှူးချုပ်တင့်ဆွေ(ငြိမ်း)
နှင့်ဆေးရုံအုပ်ချုပ်ရေး
အဖွဲ့
ဥက္ကဋ္ဌ ဦးမောင်မောင်တို့က
ဖဲကြိုးဖြတ်
ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေသက်ခင်နှင့်
ရန်ကုန်တိုင်း
ဒေသကြီး အစိုးရအဖွဲ့ချုပ်
ဝန်ကြီးချုပ် ဦးမြင့်ဆွေတို့က Touch
Screen Imageပေါ်တွင် ပြိုင်တူ
လက်တင်၍
ဆေးကုသဆောင်သစ်ကြီး၏ ကမ္မည်းမော်ကွန်းကို
ဖွင့်လှစ်ပေးကြပြီးမွှေးနံသာရည်များ
ဖြင့်
ပက်ဖျန်းပေးကြသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်
ဧည့်သည်တော်များသည်
ဆေးကုသ ဆောင်သစ်ကြီးကို
လှည့်လည် ကြည့်ရှု၍
ဂိလာန သံဃာတော်များအား နှုတ်ဆက်
အားပေးစကားပြောကြားခဲ့ပါသည်။
ယင်း ဆေးကုသဆောင်သစ်ကြီးကို
၂၀၁၁ ခုနှစ်၊
ဇန်န၀ါရီလ (၂)
ရက်နေ့တွင်
ပန္နက်တင်
မင်္ဂလာ
ပြုလုပ်ခဲ့ပြီးစတင်ဆောက်လုပ်ခဲ့ရာ
ကျပ် ၈၇၉၀
သိန်းကျော်နှင့်
အမေရိကန်ဒေါ်လာ
၅၈၅၀၀ကုန်ကျ
ခဲ့သည်။
ယင်းဆေးကုသဆောင်ကြီးတွင်ပြင်ပလူနာဌာန၊
ခွဲစိတ်ကုသဆောင်၊
ဆေးကုသဆောင်နှင့်
မျက်စိကုသဆောင်များပါဝင်ပြီး သံဃာတော်
(၁၃၂) ပါးကို
အတွင်းလူနာအဖြစ်
လက်ခံနိုင်သော
သံဃာတော်
သီးသန့်
ဆေးကုသဆောင်ဖြစ်ပါသည်။
ဇီဝိတဒါနသံဃာ့ဆေးရုံ ဈေးရောင်းပွဲတော် အလှူရှင်များ ဂုဏ်ပြုပွဲပြုလုပ်ပေးခြင်း

ဇီဝိတဒါနသံဃာ့ဆေးရုံကြီးသည်
အလှူငွေများရရှိရန်အတွက်လည်းကောင်း၊
အုပ်ချုပ်ရေးအဖွဲ့နှင့်
ဝန်ထမ်းမိသားစုများ
အချင်းချင်းရင်းနှီးမှုရရှိစေရန်လည်းကောင်း
နှစ်စဉ်
ဒီဇင်ဘာလတွင်
အလှူမင်္ဂလာ
ဈေးရောင်းပွဲတော်ကို
ကျင်းပမြဲဖြစ်ပါသည်။
ဈေးရောင်းပွဲတော်တွင်
ဆေးရုံအုပ်ချုပ်ရေးအဖွဲ့နှင့်
ဝန်ထမ်းမိသားစု
အများစုပါဝင်သောဆိုင်ခန်းများကို
၁၇.၁၂.၂၀၁၁တွင်
ဖွင့်လှစ်ရောင်းချခဲ့ကြပါသည်။
အစဉ်အလာအရ
ဆိုင်ခန်းများမှ
ရောင်းရငွေများနှင့်
အရင်းပါပေါင်း၍
ဆေးရုံကြီးသို့
လှူဒါန်းခဲ့ကြပါ
သည်။
ထိုလှူဒါန်းမှုအစုစုတို့၏
ဂုဏ်ပြုပွဲနှင့်
ရေစက်ချပွဲကို
၁၁.၂.၂၀၁၂
တွင်
ကျင်းပပြုလုပ်ခဲ့ကြပါသည်။
ဝန်ထမ်းများ လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲ ပြုလုပ်ပေးခြင်း

ဇီဝိတဒါနသံဃာ့ဆေးရုံကြီးသည်
ကုတင် ၁၅၀ ဆန့်
ဆေးရုံဖြစ်သည့်အလျောက်
စီမံ/ဆေး ဝန်ထမ်း
၃၀၀ ကျော်
ခန့်ထားရပါသည်။
ဝန်ထမ်းများအား
နေ့လည်စာကျွေးခြင်း၊
တူညီဝတ်စုံများချုပ်ပေးခြင်း၊
နေရာအနီးအဝေးအလိုက်
ခရီးစရိတ်ထုတ်ပေးခြင်း၊
ဝန်ထမ်းများ
အဆင့်အလိုက်
ဆေးရုံကြီးပိုင်
အိမ်ခန်းများ၌
နေရာချထားပေးခြင်း၊
တစ်နှစ်လျှင်
နှစ်ခါ
မေလနှင့်
ဒီဇင်ဘာလများတွင်
ဆုကြေးငွေ
များ
ထုတ်ပေးခြင်းများ
ပြုလုပ်ပေးလျှက်ရှိပါသည်။

နိုင်ငံတော်လွတ်လပ်ရေးနေ့တိုင်းတွင်လည်း
အထိမ်းအမှတ်အဖြစ်
ဝန်ထမ်းမိသားစုများ
ပျော်ပွဲ
ရွှင်ပွဲများ
နှစ်စဉ်ပြုလုပ်ပေးလျှက်ရှိရာ
၂၀၁၂ ခုနှစ်
ဇန်နဝါရီလ ၎
ရက်နေ့တွင်
ကျရောက်သော
၆၅
နှစ်မြောက်
လွတ်လပ်ရေးနေ့ကလည်း
ဝန်ထမ်းမိသားစုများကလည်း
အားကစားပြိုင်ပွဲများတွင်
ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြပြီး
ဆုရရှိသူများအား
ဆေးရုံအုပ်ချုပ်ရေးအဖွဲ့မှ
ဆုများချီးမြှင့်သည့်အပြင်
ဝန်ထမ်းများအားလုံးအတွက်
ကံစမ်းမဲဖောက်၍
လက်ဆောင်ပစ္စည်းများ
ပေးအပ်ခဲ့ပါသည်။
ဇီဝိတဒါနသံဃာ့ဆေးရုံကြီး၏ နဝမအကြိမ်မြောက် ဝါတွင်း စုပေါင်းသွေးလှူဒါန်းပွဲ
ကျင်းပမည်

ဇီဝိတဒါန သံဃာ့ဆေးရုံကြီးတွင် နှစ်စဉ် ဝါတွင်း စုပေါင်း သွေးလှူဒါန်းပွဲများ ကျင်းပလာခဲ့ရာ ပထမ
အကြိမ်မှ အဋ္ဌမအကြိမ် အထိ သံဃာတော် (၁၉၃)ပါး၊ သီလရှင် (၁၄၄)ပါးနှင့် လူပုဂ္ဂိုလ် (၁၀၆၂)ဦး၊
စုစုပေါင်း (၁၃၉၉)ဦးတို့က သွေးလှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။
ယခုနဝမအကြိမ် သွေးလှူဒါန်းပွဲကို၂၀၁၀ခုနှစ်၊
သြဂုတ်လ(၁၄)ရက်၊စနေနေ့)တွင် အဆိုပါဆေးရုံကြီး
၏အလှူတော်မင်္ဂလာခန်းမ၌ နံနက်(၈)နာရီမှစတင်ကျင်းပမည်ဖြစ်ပါ၍ သွေးလှူရှင်များသည် အဆိုပါ
ဆေးရုံကြီး၏
(က) ပြင်ပလူနာဌာန (သံဃာ) ဖုန်း - ၇၃၀၀၆၄၄၆၊
(ခ) ပြင်ပလူနာဌာန (သီလရှင်) ဖုန်း - ၅၄၂၇၀၆၊
(ဂ) ပြင်ပလူနာဌာန (လူ ပုဂ္ဂိုလ်) ဖုန်း - ၅၅၂၅၄၂၊
(ဃ) ဆေးရုံအုပ်ကြီး ဖုန်း - ၅၅၈၄၃၄၊
(င) အုပ်ချုပ်ရေးမှူးရုံး ဖုန်း - ၅၄၁၇၉၅၊ ၅၄၅၇၈၂ တို့သို့
၂၀၁၀ခုနှစ်၊ သြဂုတ်လ ၁၂ရက် ညနေ(၄)နာရီ နောက်ဆုံးထား၍ ကြိုတင်စာရင်းပေးနိုင်ပါသည်။


ဇီဝိတဒါန
သံဃာ့ဆေးရုံကြီးတွင်
မျက်စိရောဂါ
အထူးကုသပေးနိုင်ပြီ။
ဇီဝိတဒါန
သံဃာ့ဆေးရုံကြီးသည်
သာမန်အားဖြင့်
အထွေထွေ ရောဂါကုဆေးရုံကြီး
ဖြစ်သော်လည်း
စေတနာ ဆရာဝန်ကြီး
(၁၀၀)
ကျော်တွင်
အထူးကု
ဆရာဝန်(၉၀%)
ကျော်ပါရှိရာ
ယင်း အနက်
မျက်စိရောဂါ
အထူးကု
ဆရာဝန် (၂၀)
ဦးပါရှိပါသည်။
မျက်စိအထူးကု
ပြင်ပလူနာဌာနကို
အစိုးရ ရုံးပိတ်ရက်များမှအပ
တနလာင်္နေ့မှ
စနေနေ့များအထိ
မျက်စိဝေဒနာရှင်
သံဃာသီလရှင် လူပုဂ္ဂိုလ်အားလုံးကို
စမ်းသပ်ကြည့်ရှု၍
ခွဲစိတ်ကုသရန်လိုအပ်
သူများကို
တနင်္လာ၊ ဗုဒ္ဓဟူး၊
စနေနေ့များတွင်
ခွဲစိတ်ပေးခြင်း
မျက်ကပ်မှန်
(IOL) တပ်ဆင်ပေးခြင်းများ
ပြုလုပ်ပေးလျက်
ရှိပါသည်။
မျက်စိ ခွဲစိတ်ကုသပေးခြင်း
မျက်စိဝေဒနာရှင် သံဃာ သီလရှင်များအား အခမဲ့ ခွဲစိတ်ကုသ၍ မျက်ကပ်မှန်ပါ လှူဒါန်းပေးပါ သည်။ လူပုဂ္ဂိုလ်များကိုမူ ခွဲစိတ်ခ ကျပ် ၈,၀၀၀/- သတ်မှတ်ထားပြီး မျက်ကပ်မှန် (IOL) နှင့် အခြား လိုအပ်သော ပစ္စည်းများကိုမူ ကိုယ်တိုင်ဝယ်ယူကြရပါသည်။ ခွဲစိတ်ခနှင့် လိုအပ်ပစ္စည်းများအတွက် ကုန်ကျစရိတ် အပါအ၀င် ကျပ် ၄၀,၀၀၀/- မှ ကျပ် ၅၀,၀၀၀/- သာကုန်ကျပါသည်။ နယ်မှ လာ၍ ညအိပ် ဆေးရုံတက်ခွဲစိတ် ကုသခံသူများ အနေဖြင့် ဆေးရုံတက်သည့်စရိတ်ပေးရန် မလိုပါ။

ဆင်းရဲနွမ်းပါး လူပုဂ္ဂိုလ်များအား အခမဲ့ခွဲစိတ်ကုသပေးခြင်း
လူပုဂ္ဂိုလ်များ
အတွက်
သတ်မှတ်ထားသည့်
ခွဲစိတ်ခ
ကျပ် ၈,၀၀၀/-
ကုန်ကျခံနိုင်သည့် ၀င်ငွေမရှိ
သူများ
အနေဖြင့်
သက်ဆိုင်ရာ
မြို့နယ်
ရပ်ကွက်အေးချမ်းသာယာရေးနှင့်
ဖွံ့ဖြိုးရေးကောင်စီများ၏
ထောက်ခံချက်ဖြင့်
လာရောက်ပါက မျက်စိအထူးကုဆရာဝန်များအဖွဲ့ကစစ်ဆေးပြီး
(၅) ပေအတွင်း
မမြင်ပါက
အခမဲ့ ခွဲစိတ်ပေးသည့်ပြင် မျက်ကပ်မှန်အပါအ၀င်
ကုန်ကျစရိတ်အားလုံးကို လှူဒါန်းလျက်
ရှိပါသည်။
(၂၀၀၈)ခုနှစ်
အတွင်း
ဆင်းရဲနွမ်းပါးသူ
လူပုဂ္ဂိုလ်
(၇၃) ဦးအတွက် ခွဲစိတ် ကုန်ကျစရိတ်
ကျပ်
သိန်း(၂၀)
ကျော် လှူဒါန်းခဲ့ပါသည်။
ကျွန်ုပ်တို့၏အင်တာနက်စာမျက်နှာ
www.jivitahospital.org သို့ဝင်ရောက်ကြည့်ရှု၍ လှူဒါန်းနိုင်
ပါကြောင်း
ဖိတ်ခေါ်အပ်ပါသည်။
| အုပ်ချူပ်ရေးအဖွဲ့ |
| ဇီဝိတဒါနသံဃာ့ဆေးရုံကြီး |
|
||||||||||||||