ဇိဝိတဒါန သံဃာ့ဆေးရုံကြီး၏ ရည်ရွယ်ချက်
လူမျိုးမရွေး ဘာသာမရွေး ဆင်းရဲချမ်းသာမရွေး လာလာသမျှ မကျန်းမာသူ ဂိလာန ပုဂ္ဂိုလ်များအား အခမဲ့ စမ်းသပ် ဆေးဝါးများ ကုသပေးနိုင်ရန် ရည်ရွယ်၍ တည်ထောင်ခဲ့ကြခြင်း ဖြစ်ပါသည်။
၁၉၄၀ပြည့်နှစ်တွင်ဇီဝိတဒါနဆေးခန်းကလေး
ကိုစတင်တည်ထောင်သူများ၏မူလရည်ရွယ်
ချက်အတိုင်း လာလာသမျှ မကျန်းမာသူ
ဂိလာနအားလုံးကို အခမဲ့
စမ်းသပ်ကုသပေး
ဆေးဝါးလှူဒါန်းရန် ဖြစ်သော်လည်း ၁၉၇၂
ခုနှစ်တွင် ဇီဝိတဒါနသံဃာ့ဆေးရုံဟု အမည်
ပြောင်းလိုက်ပြီးနောက် သံဃာတော်များကို
သာဦးစီးပေး လက်ခံကုသခဲ့ရာ ယခုသာမန်
ဖျားနာသောလူပုဂ္ဂိုလ်များကိုအတွင်း လူနာ
အဖြစ် လက်ခံကုသပေးခြင်းမပြုဘဲ
ခွဲစိတ်
ကုသမှုခံယူသည့်
လူဂ္ဂိုလ်များကိုသာ
ဆေးရုံတက်ရာက်ခွင့်ပြုပါသည်။
သို့သော် လူပုဂ္ဂိုလ်များအတွက်
ပြင်ပလူနာဌာန
ဖွင့်လှစ်ပေးခဲ့ပြီး
ရုံးဖွင့်ရက်များတွင်
နံနက် (၈) နာရီ
မှညနေ
(၄)နာရီအထိ၊
ဆရာဝန် (၄)
ဦးက၊ ဆင်းရဲချမ်းသာမရွေး၊ ဘာသာမရွေး၊
ကျား/မ မရွေး
အခမဲ့
စမ်းသပ်၍သာမန်ရောဂါများအတွက်ဆေးကိုရောဂါပျောက်ကင်းသည်အထိ အခမဲ့ ပေးလှူ လျက်ရှိပါ
သည်။အထူးကုဆရာဝန်ကြီးများနှင့်ပြသရန် လိုအပ်သော လူနာများအနေဖြင့် မိမိရောဂါနှင့်
သက်ဆိုင်
သည့်အထူးကုဆရာဝန်ကြီးများအားပြသနိုင်ပါသည်။အထူးကုဆရာဝန်ကြီးများနှင့်ကုသခြင်းအတွက်
ငွေပေးရန်မလိုဘဲ
အထူးကုဆရာဝန်ကြီးများ
ညွှန်းသည့်ဆေးကိုမူ မိမိဘာသာ
ဝယ်ယူရပါသည်။
အထူးကုဆရာဝန်ကြီးများ၏
ဆုံးဖြတ်ချက်
အရ
၊ ခွဲစိတ်ကုသရန် လိုအပ်သောလူနာများ
အနေဖြင့်
ဆေးရုံသို့ သတ်မှတ်ထားသော
ခွဲစိတ်ခ လှူဒါန်း ရန်နှင့်
ခွဲစိတ်ဆရာဝန်ကြီး
သို့
ခွဲစိတ်ခပေးရန်
မလိုအပ်ပါ။
ခွဲစိတ်ခန်း အသုံးပြုခြင်း အတွက် လည်းကောင်း၊ လက်ထောက်ဆရာဝန်၊ သူနာပြုများအတွက်
လည်းကောင်း ငွေကြေးပေးရန် မလိုဘဲ
သတ်မှတ်ထားသော
သာမန်
ခွဲစိတ်ခကို
ပေးလှူကြရပါသည်။
အလားတူမျက်စိခွဲစိတ်လူပုဂ္ဂိုလ်များအနေဖြင့်လည်းသတ်မှတ်ထားသောအလွန်နည်းသည့် ခွဲစိတ်ခ
ကိုပေးလှူကြရပါသည်။သို့သော်ဆင်းရဲနွမ်းပါးသော လူပုဂ္ဂိုလ်များကို သက်ဆိုင်ရာ ကျေးရွာရပ်ကွက်၊ မြို့နယ်များမှ ၀င်ငွေမရှိ ဆင်းရဲသူဖြစ်ကြောင်းထောက်ခံပါကအခမဲ့ခွဲစိတ်ပေးသည့်အပြင် မျက်ကပ်မှန် ( IOL) ကိုလည်း လှူဒါန်းပါသည်။
ဤဆေးရုံကြီးမှ ဆရာဝန်များ၏ ညွှန်ကြားချက်အရ လူပုဂ္ဂိုလ်များ ဓါတ်မှန်ရိုက်ခြင်း၊ အာ(လ)ထရာ ဆောင်း ရိုက်ခြင်း၊ ဆီး / သွေး /
ဝမ်းစစ်ခြင်း၊ အူလမ်းကြောင်းကြည့်ခြင်း၊ ဆီးလမ်းကြောင်းကြည့်ခြင်း စသည့်ရောဂါ ရှာဖွေစမ်းသပ်ခြင်းများကို သတ်မှတ်ထားသော အလှူငွေပေး၍ ပြုလုပ်နိုင်ကြပါသည်။
|
||||||||||||||