ဇိဝိတဒါန သံဃာ့ဆေးရုံကြီး၏ ရည်ရွယ်ချက်
လူမျိုးမရွေး ဘာသာမရွေး ဆင်းရဲချမ်းသာမရွေး လာလာသမျှ မကျန်းမာသူ ဂိလာန ပုဂ္ဂိုလ်များအား အခမဲ့ စမ်းသပ် ဆေးဝါးများ ကုသပေးနိုင်ရန် ရည်ရွယ်၍ တည်ထောင်ခဲ့ကြခြင်း ဖြစ်ပါသည်။
ဆေးခန်းစတင်တည်ထောင်စဉ်ကပင်ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက်အလှူငွေရရှိရေး၊
ဆေးကုသ
မှုဆိုင်ရာ လုပ်ငန်းများ အဆင့်မြင့် စနစ်ကျစေရေးနှင့် စီမံ ခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းများကို ကြီးကြပ် လုပ်ကိုင်ရန်အတွက်
အုပ်ချုပ်ရေးအဖွဲ့ကိုသင်းဖွဲ့စည်းမျဉ်းနှင့် ဖွဲ့စည်းထားရာ၊ ခေတ်ကာလပြောင်းလဲ
လာသည်နှင့်အမျှ သင်းဖွဲ့စည်းမျဉ်းကိုလည်း ပြင်ဆင်
ဆောင်ရွက်ခဲ့ပါသည်။
သင်းဖွဲ့ စည်းမျဉ်းအရ
အုပ်ချုပ်ရေး အဖွဲ့ဝင်
(၂၁)ဦးကို
(၄)နှစ်တစ်ကြိမ်ရွေးချယ်ပြီး
ယင်း
(၂၁)ဦးမှအလုပ်အမှုဆောင်အဖွဲ့ဝင်(၉)ဦးကို
ရွေးချယ်ပါသည်။
ဆေးရုံလုပ်ငန်းအ၀၀ကို အောက်ပါအဖွဲ့ငယ်
များဖွဲ့စည်း၍စီမံခန့်ခွဲမှုများ
ပြုလုပ်လျက်ရှိပါ
သည်။
| (က) | ဆေးကုသရေးနှင့် ဆေးနှင့်ဆေးပစ္စည်းထိန်းသိန်းရေး |
| (ခ) | ဘဏ္ဍာရေးအဖွဲ့ငယ် |
| (ဂ) | ဆောက်လုပ်ရေးနှင့် မွမ်းမံပြင်ဆင်ရေးအဖွဲ့ငယ် |
| (ဃ) | ဆွမ်းကွမ်းဝေယျာဝေစ္စအဖွဲ့ငယ် |
| (င) | ၀န်ထမ်းရေးရာအဖွဲ့ငယ် |
| (စ) | စာရင်းစစ်အဖွဲ့ငယ် |
| (ဆ) | ၀န်ထမ်းသက်သာချောင်ချိရေးအဖွဲ့ငယ် |
| (ဇ) | ၀န်ထမ်းများနေအိမ်ခန်းနေရာချထားရေးအဖွဲ့ငယ် |
လုပ်ငန်းအဖွဲ့ငယ်များအနေဖြင့်
မိမိတို့ဆောင်ရွက်မှုများကို
တစ်လ(၂)ကြိမ်ပြုလုပ်သော၊ အလုပ်
အမှုဆောင်
အဖွဲ့အစည်းအဝေးသို့
တင်ပြ အတည်ပြုချက်ရယူပြီး
အလုပ်အမှုဆောင်အဖွဲ့က လစဉ် ကျင်းပသော အုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးသို့ တင်ပြရပါသည်။
တစ်နှစ်တာလုပ်ငန်း ဆောင်ရွက်မှု
များ၊
အလှူရရှိငွေ၊ သုံးစွဲငွေနှင့်
ရှင်းတမ်း၊ စာရင်းစစ် အစီရင်ခံစာကို
နှစ်ပတ်လည်
အစည်းအဝေးတွင်
တင်ပြ အတည်ပြုချက် ရယူရပါသည်။
|
||||||||||||||